ကိုလံဘို ဇူလိုင် ၈
သီရိလင်္ကာနိုင်ငံရှိ အကျဉ်းထောင်တစ်ခုတွင် ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားပြီးနောက် ၂၆ ဦး သေဆုံးပြီး ၁၀၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပြောကြား
အကျဉ်းထောင်ကို ယခုအခါ ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း နိုင်ငံ၏တရားရေးဝန်ကြီးက ယမန်နေ့တွင် ပြောကြားခဲ့သည်။
စီးပွားရေးမြို့တော် ကိုလံဘို၏ မြောက်ဘက် ၃၅ ကီလိုမီတာခန့်အကွာ နီဂွမ်ဘိုရှိ အကျဉ်းထောင်တွင် အကျဉ်းသားများအကြား ရုန်းရင်းဆန်ခတ်မှုများ စတင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အစောပိုင်းအကြမ်းဖက်မှုတွင် အကျဉ်းသားနှစ်ဦး သေဆုံးခဲ့သော်လည်း ဇူလိုင် ၆ ရက်တွင် နောက်ထပ် ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ ၂၆ ဦးအထိ ရှိလာခဲ့သည်။ ထိခိုက်ဒဏ်ရာရသူများတွင် အကျဉ်းသားများနှင့် အကျဉ်းထောင်အရာရှိများ ပါဝင်ကြောင်း သိရသည်။
အကြမ်းဖက်မှုသည် မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ဆက်စပ်နေကြောင်း အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။
အချက်အလက်များအရ နီဂွမ်ဘိုရှိ အကျဉ်းထောင်တွင် အကျဉ်းသား ၂၄၀၀ ခန့်ရှိသည်။ ကျွမ်းကျင်သူအချို့က သီရိလင်္ကာ၏ အကျဉ်းထောင်များသည် နေရာကျပ်ညပ်နေကြောင်း ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


