ရန်ကုန် ဇူလိုင် ၈
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်(၁) (ရန်ကုန်) ပါမောက္ခချုပ်ဖလား မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် သထုံလမ်းရှိ တက္ကသိုလ်များ ဘောလုံးကွင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ချီးမြှင့်ငွေများပေးအပ်
ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲကို ဖွင့်လှစ်ပေးကာဖွင့်ပွဲတွင် ဖျော်ဖြေပေးကြသည့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်သည်။
အဆိုပါပြိုင်ပွဲကို စာသင်နှစ်အလိုက် အတန်းများမှ အသင်းငါးသင်း၊ အားကစားသမား ၁၀၃ ဦးဖြင့် ဇူလိုင် ၈ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


