နေပြည်တော် ဇူလိုင် ၈
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်း(ဦးကျေး)၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းစိုးက အမှာစကားပြောကြားပြီး သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် မဟော်ဂနီပင်ကို စိုက်ပျိုးသည်။
စိုက်ပျိုးရာတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ စိန်ပန်း၊ မဲဇလီစသည့် ပျိုးပင်ပေါင်း ၁၂၁၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


