ပေါင်းတည် ဇူလိုင် ၇

 

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ ဇူလိုင် ၆ ရက်က စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသင်းနှင့် စုံစမ်းစစ်ဆေးရေးမှူး ဦးမျိုးမင်းမင်း ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် စားအုန်းဆီများရောင်းချပေးနေမှု လုပ်ငန်းများ၌ ဆီရရှိမှု၊သုံးစွဲနေမှုအခြေအနေများနှင့် ကန့်သတ်ထားသည့် ဘူးသွတ်ဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှု ရှိ၊ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ထိုသို့စစ်ဆေးရာတွင် ကိုယ်စားလှယ်ဆိုင်များမှ စားသုံးသူပြည်သူများသို့ စားအုန်းဆီရောင်းချပေးရာ၌ မှန်ခြောက်မှန်ဖြင့် ရောင်းချပေးမှု ရှိ၊ မရှိ လုပ်ငန်းများ၌ စားအုန်းဆီများရရှိသုံးစွဲနေမှုများနှင့် သက်ဆိုင်ရာက ကန့်သတ်ထားသည့် ဘူးသွတ်ဆီများ ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ၊ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရွှေသား(IPRD)