မန္တလေး ဇူလိုင် ၇

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှု၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်း အနောက်ဘက်ခြမ်း၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

သစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက သတ်မှတ်နေရာများ၌ ပျိုးပင်များကို ဦးဆောင်စိုက်ပျိုးပြီး တက်ရောက်လာကြသူများက မည်စည်၊ ခရေ၊ ကျွန်း၊ စိန်ပန်း၊ ပိတောက်၊ တမာ၊ ရေတမာ၊ ယင်းမာ ပျိုးပင်ပေါင်း ၆၆၀ ကို အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်