ဟင်္သာတ ဇူလိုင် ၇

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပြည်သူ့စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။

 

အကောင်အထည်ဖော်ဆောင်ရွက်

ဦးစွာ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက ဦးဆောင်ကာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာယုနန္ဒာအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးလှမင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးဟန်တို့က ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)