မိုးညို ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ (၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် သွင်းအားစုများ ပေးအပ်ပွဲကို ယမန်နေ့က ပြုလုပ်သည်။
ပေးအပ်
ပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်၊ မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းအောင်ကျော်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးတင်မြင့်တို့က သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်း ဆောင်ရွက်သော အသင်းခုနစ်သင်း၊ အသင်းသား ၂၇၉ ဦး၊ စိုက်ဧက ၁၈၀၀ အတွက် ငွေကျပ်သန်း ၄၅၀ နှင့် ညီမျှသော သွင်းအားစုများကို အသင်းသား တောင်သူများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)


