နေပြည်တော် ဇူလိုင် ၆
၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ(ဆဋ္ဌမနေ့)ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဆက်လက်ကျင်းပလျက်ရှိရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်သည် ယနေ့ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်ကစားမည့် ပညာရေးဝန်ကြီးဌာန အမျိုးသမီးအသင်းအား တွေ့ဆုံအားပေးစကား ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ နာယက ဦးစိုးတင့်၊ ဥက္ကဋ္ဌ ဦးရဲဝင်းထွဋ်တင်၊ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင် ပရိသတ်များသည် Linking Event – 3 (အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပညာရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


