မိတ္ထီလာ ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ သာစည်လမ်းမှ ရွှေတောင် - ချောက်ပင် - ခင်လူး - မောက်လောက်လမ်း လမ်းတာချဲ့၍ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မန္တလေးတိုင်း ဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၁၂ ဒသမ ၂၉၀ သန်းဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်သော ရွှေတောင် - ချောက်ပင် - ခင်လူး- မောက်လောက်လမ်းအား လမ်းတာချဲ့၍ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


