ဆီဆိုင် ဇူလိုင် ၂

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို ယနေ့နံနက်ပိုင်းတွင် ဆိုက်ခေါင်စံပြကျေးရွာ အထက၌  ကွင်းဆင်း ဆောင်ရွက်ပေးသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ဆောင်ရွက်ပေးပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးတင်မိုးအောင်၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းခမ်းဦးနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)