ဖနောင်ပင် ဇူလိုင် ၂
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၏ အန်ကောရှေးဟောင်းသုတေသနဥယျာဉ်သို့ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံသား ခရီးသွားဧည့်သည် ၃၃၉၉၁ ဦး လာရောက်ခဲ့ကြောင်း ဇူလိုင် ၂ ရက်က ထုတ်ပြန်သည့် တရားဝင်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း အန်ကောရှေးဟောင်း အမွေအနှစ်နေရာသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာခရီးသွားများအနက် စတုတ္ထအများဆုံးနိုင်ငံဖြစ်ကြောင်း နိုင်ငံပိုင် Angkor Enterprise က ထုတ်ပြန်ထားသည်။ ဇွန်လတစ်လတည်းတွင် အန်ကောသို့ တရုတ်နိုင်ငံသားခရီးသွားဧည့်သည် ၄၂၇၂ ဦး လာရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဆင်ဟွာ


