နေပြည်တော် ဇူလိုင် ၂
ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မှုခင်းသရုပ်ပြယာဉ်ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းကို ဇွန် ၃၀ ရက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ အမှတ် (၁၄) အထက၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်ရဲတပ်ဖွဲ့မှုခင်းပြခန်း သရုပ်ပြယာဉ်ဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကျော်ခိုင်၊ ရဲအုပ်မင်းထွေး၊ ရဲအုပ်ဌေးလွင်တို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရသည်။
သူဇာလှိုင် (စက်မှု)


