နေပြည်တော်    ဇူလိုင်    ၂

2027 AFC U -20 Asian Cup Development (အုပ်စု K) ပြိုင်ပွဲ အကြိုခြေစမ်းပွဲ ပထမပွဲစဉ်အဖြစ် မြန်မာ U -20 အမျိုးသားဘောလုံးအသင်းနှင့် တရုတ်ဟောင်ကောင် U -20 အမျိုးသားဘောလုံးအသင်းတို့ ဇူလိုင်  ၄ ရက်  ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါပွဲစဉ်အား ယင်းနေ့ မွန်းလွဲ  ၃ နာရီ  ၄၅ မိနစ်မှစတင်ပြီး MRTV – HD Channel၊  MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်