ကြို့ပင်ကောက် ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ တမံဆည်ကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာန၏ ထိုင်းနှံကောက်မိုးစပါးအား ၁၀ တန်းသွားမျိုးစေ့ချကိရိယာဖြင့် မိုးစပါး အစေ့ချစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။
ကြည့်ရှုအားပေး
ဦးစွာ ခရိုင်စက်မှုလယ်ယာဦးစီးမှူး ဦးဇော်မြင့်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး စောမောင်ဗွေနှင့် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများက တောင်သူ ဦးနောင်နောင်ဝင်း၏ လယ်မြေ ငါးဧကကွင်း၌ ထိုင်းနှံကောက်စပါးအား ၁၀ တန်းသွား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မြင့်က တောင်သူများအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


