ဂျကာတာ ဇူလိုင် ၁
အင်ဒိုနီးရှားနိုင်ငံသည် အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရန် စည်းမျဉ်းသစ်တစ်ရပ်ကို စတင်ကျင့်သုံးနေပြီဖြစ်ရာ ဇူလိုင် ၁ ရက်တွင် စတင်ကျင့်သုံးခဲ့သော အဆိုပါစည်းမျဉ်းသစ်အရ ပြည်သူများအနေဖြင့် ဖုန်းနံပါတ်အသစ်များကို စတင်အသုံးပြုရာတွင် ဇီဝဆိုင်ရာအချက်အလက်ကို မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။
စနစ်ဟောင်းသုံးစွဲသူများအနေဖြင့် စနစ်သစ်အရ မှတ်ပုံတင်နံပါတ်အပြင် မျက်နှာသွင်ပြင် မှတ်မိနိုင်သည့်စနစ်ကိုပါ အသုံးပြုရန် လိုအပ်သည်။ အင်ဒိုနီးရှား လိမ်လည်မှုတိုက်ဖျက်ရေးဌာနက ပြီးခဲ့သည့် တစ်နှစ်ခွဲအတွင်း ပြည်သူထံမှ လိမ်လည်မှုနှင့်ပတ်သက်သည့် တိုင်ကြားစာပေါင်း ၅၈၀၀၀၀ နီးပါး လက်ခံရရှိခဲ့သည်ဟု သိရပြီး အများစုမှာ နာမည်အတု သို့မဟုတ် အခြားသူများ၏ ကိုယ်ရေးအချက်အလက်ကို လွဲမှားစွာမှတ်ပုံတင်ထားသော ဆင်းမ် ကတ်များပါဝင်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


