မော်လမြိုင် ဇူလိုင် ၁

 

၂ဝ၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အကြိုအထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မင်းရွာ ကျေးရွာ အားကစားဥယျာဉ်ဝင်း အတွင်း ကျင်းပသည်။

 

 

သစ်ပင်စိုက်ပျိုးပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက အမှာစကားပြော ကြားသည်။

 

ထို့နောက် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့ အစည်းများ၊ တက္ကသိုလ်/ ဒီဂရီ ကောလိပ်၊ သူနာပြု/ သားဖွား သင်တန်းကျောင်း၊ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများက ပျိုးပင် ၁၁၂၀ ကို စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)