ဒုတိယဝန်ကြီး ဦးမျိုးမြင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော် ဇွန် ၃၀
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့် အတူ ဇွန် ၂၈ ရက်တွင် ချင်းပြည်နယ် အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန် ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
ပေါင်းစပ်ညှိနှိုင်းပေး
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အားလုံးပူးပေါင်းဆောင်ရွက်ကြရန်နှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် အဓိကကျသည့် အတွက် မိမိတို့ရပ်ရွာ၊ မိမိတို့ဒေသအေးချမ်းအောင် ဝိုင်းဝန်းထိန်းသိမ်းပေးကြရန်လို အပ်ကြောင်း၊ ထို့ပြင်ဒေသတည် ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်ပြောကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးသည်။
ထို့နောက် တီးတိန်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှိ တီးတိန်မြို့အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနေသည့် 300 KVA ဒီဇယ် ဓာတ်အားပေးစက်ရုံကိုကြည့်ရှုခဲ့ကြောင်းနှင့် တီးတိန်မြို့အား ဇာလွှီးရေအားလျှပ်စစ်စက်ရုံရှိ 200 KW နှစ်လုံးနှင့် 300 KVA ဒီဇယ်ဓာတ် အားပေးစက်ရုံမှ 180 KW တို့ဖြင့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


