ရန်ကုန်      ဇွန်      ၂၈

အားကစားရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နှင့် မြန်ရွှေပြည် ထရက်တာလီမိတက်တို့ပြုလုပ်သည့် (၆၄)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်စက်ဘီးစီးပြိုင်ပွဲကို   ယနေ့နံနက်ပိုင်းတွင်  သုဝဏ္ဏကွင်းအပြင်ပတ်လမ်း၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် Mountain bike၊Men Junior တာ‌ဝေး၊Klomen Open တာဝေး၊ Men Elite အသင်းလိုက်တာဝေး၊ MenElite Criterium၊ Men Open Criterium  Men Junion Criterium ၊ Women   Criterium ပြိုင်ပွဲများကျင်းပခဲ့သည်။ ပြိုင်ပွဲများအပြီး ရန်ကုန်တိုင်းဒေသကြီး လူမှု‌ရေးရာ ဝန်ကြီး   ဦးဗိုလ်‌ဌေး၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ ဦးခင်မောင်ဝင်းနှင့် အမှု‌ဆောင်များက ပထမ၊   ဒုတိယ၊ တတိယနှင့်  အ‌မျိုးသား အမျိုးသမီး အ‌ကောင်းဆုံးဆုရရှိသူများအား‌ ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များ   ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ    အမျိုးသား(Elite) ပြိုင်ပွဲများတွင် ၁၀၀ ကီလိုမီတာ  တာဝေးပြိုင်ပွဲနှင့်  ၂၆ ကီလိုမီတာ Criterium ပြိုင်ပွဲ၏ရမှတ်များကို  စုပေါင်း၍ အမှတ်အများဆုံးရရှိသော Rangoon Cycling Club အသင်းအား တံခွန်စိုက်ဆုဖလားချီးမြှင့်ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲများကို ဇွန် ၂၆ ရက်၊ ၂၇ ရက်နှင့် ဇွန်၂၈ ရက်အထိ ကျင်းပခဲ့ပြီး  အားကစားသမား ၂၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။  

အာကာ