ရန်ကုန်  ဇွန်  ၂၃

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရေကူးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်  ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက  ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အားကစားအဖွဲ့များက  တစ်ဖွဲ့ချင်းအလိုက် မိတ်ဆက်ကြပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်  ကာယပညာကော်မတီနာယက   ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကား ပြောကြားသည်။

ထို့နောက် ဒဂုံမြို့နယ်  အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားကာ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် စာပေဟောပြောမည့် စာရေး ဆရာ  လင်းသိုက်ညွန့်(မြန်မာ့မြေ)ကို   ဂုဏ်ပြုလက်ဆောင်နှင့်  ဖျော်ဖြေရေးအဖွဲ့များကို   ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက်  ကျောင်းသား ကျောင်းသူများက ပြိုင်ပွဲများအလိုက် ပါဝင်ယှဉ်ပြိုင်နေမှုနှင့်   စာပေစကားဝိုင်းကို ကြည့်ရှုအားပေးပြီး  စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူများနှင့် ပါဝင်ဆွေးနွေးသူများကို  ဂုဏ်ပြုလက်ဆောင်များ  ပေးအပ်ခဲ့ကြောင်း သိရသည်။                        

ဇွဲထက်ကို(ပြန်/ဆက်)