နေပြည်တော် ဇွန် ၂၃

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် လက်ရှိဆောင်ရွက်နေသော အိန္ဒိယ ရူပီး/ မြန်မာကျပ် တိုက်ရိုက်ငွေပေးချေမှု နည်းလမ်းအား ပိုမိုအကျိုးရှိနိုင်သောကိစ္စရပ်များ အိန္ဒိယ ဗဟိုဘဏ် (Reserve Bank of India)၊ အိန္ဒိယ အမျိုးသားငွေပေးချေမှု ကော်ပိုရေးရှင်း (National Payments Corporation of India- NPCI)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် MMQR Consortium နှင့် Myanmar Payment Union (MPU) တို့ အကြား UPI QR နှင့် RuPay စနစ်များကို မြန်မာ၏ MMQR အခြေခံ အဆောက်အအုံနှင့် အပြန်အလှန်အသုံးပြုနိုင်ရေး (Interoperability) ဖော်ဆောင်ရန် ဆောင်ရွက်နေသည့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ အိန္ဒိယရူပီး/ မြန်မာကျပ် နှစ်နိုင်ငံ ငွေလဲလှယ်ရေး (Bilateral Currency Swap Arrangement) ကို နှစ်နိုင်ငံဗဟိုဘဏ်များအကြား တည်ထောင်ရန်တို့နှင့် စပ်လျဉ်း၍ သဘောတူညီချက် မူကြမ်းရေး ဆွဲနေမှုနှင့် အပြန်အလှန် အကျိုးရှိသော ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေရန် ဆောင်ရွက် သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်