မန္တလေး      ဇွန်      ၂၁

အားကစားရေးရာဝန်ကြီးဌာန    မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ် ဝူရှူး (ထောက်လု)ဖိတ်ခေါ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင်   ချမ်းအေးသာစံမြို့နယ်ရှိ   ဗထူး အားကစားရုံ၌ ကျင်းပသည်။

ဦးစွာ   မန္တလေးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်  ကာယပညာဦးစီးဌာနနှင့်  မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက  ပြိုင်ပွဲဝင်  ဝူရှူးအားကစားသမားများ၏  စွမ်းရည်ပြယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြသည်။

ဆုငွေများချီးမြှင့်

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို  ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသည့် အားကစားသမားများအား ဆုတံဆိပ်များနှင့် ဆုငွေများ ချီးမြှင့်ကြသည်။

အဆိုပါပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ISPE (Mandalay)တို့မှ  အားကစားသမား ၁၂၀ ပါဝင် ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)