စစ်တွေ ဇွန် ၂၀
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့် ဇနီးတို့သည် ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ ဝိမလဓမ္မနာဒ (ဓာတ်လယ်) ကျောင်းတိုက်၌ သံဃာ့သုသာန်တည်ဆောက်ခြင်းအတွက် အလှူငွေများလှူဒါန်းကြသည်။
ထို့နောက် စစ်တွေမြို့ ခုတင် (၅၀၀) ဆံ့အထွေထွေ ရောဂါကုဆေးရုံကြီး၌ ကျင်းပသည့် မြန်မာအမျိုးသမီးများနေ့ အကြိုအထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်၍ ကျန်းမာရေးဝန်ထမ်းများက စုပေါင်းသွေးလှူရှင်များကို သွေးလှူဒါန်းနိုင်ရန်အတွက် သွေးပေါင်ချိန်ခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။ ယင်းနောက် သွေးလှူဒါန်းကြမည့်သူများကို အာဟာရဖြည့်စွက်စာများ ပေးအပ်ပြီး သွေးလှူဒါန်းရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)


