ပုသိမ် ဇွန် ၂၀

 

ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) က ကြီးမှူးကျင်းပသော သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့ရှိ သာသနာ့ဗိမာန်၌ ကျင်းပသည်။

 

ဖွင့်ပွဲတွင် နိုင်ငံတော်ဩဝါဒါစရိယ ပုသိမ်မြို့ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ မိန့်ကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားကာ သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်း ဩဝါဒါစရိယဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် ကန်ကြီးထောင့်မြို့နယ် ဧရာသီရိသုခခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီး သမဝါယမဦးစီးဌာနက ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူများထံ သွင်းအားစုပေးအပ်ပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး တောင်သူများထံ သွင်းအားစုများ ပေးအပ်ကာ ဇီဝသဘာဝမြေဩဇာ ပြုလုပ်ထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး (ပြန်/ဆက်)