နေပြည်တော် ဇွန် ၁၈
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP)အရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် “ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း”နှင့် စပ်လျဉ်းသည့် အသိပညာမျှဝေဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ တိုင်းဒေသ ကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးများ၊ နေပြည်တော် စာရင်းစစ်ရုံးနှင့် မြန်မာနိုင်ငံ စာရင်းကောင်စီရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အမှာစကား ပြောကြားပြီး လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန ဥပဒေနှင့်မူဝါဒဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးက ရေနံနှင့်ရေနံ ထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခြင်း၊ ပြန်လည်ရှင်းလင်း ဖြေကြားခြင်း၊ အကြံပြုဆွေးနွေး ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
သတင်းစဉ်


