မော်လမြိုင် ဇွန် ၁၇

 

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း တက်ရောက်အမှာစကား ပြောကြားပြီး လုပ်ငန်းရှင်များကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည့် မွန်ပြည်နယ်အတွင်း အမှိုက်သိမ်းဆည်းရေးစနစ်နှင့် ထွက်ရှိလာသောအမှိုက်များကို ပြန်လည်အသုံးချနိုင်ရေးအတွက် အမှိုက်သိမ်းဆည်းမှုနှင့် အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြမှုအစီအစဉ်သို့ တက်ရောက် အမှာစကား ပြောကြားသည်။

 

ယင်းနောက် တာဝန်ရှိသူများ၏ အမှိုက်သိမ်းဆည်းခြင်းနှင့် အမှိုက်စီမံခန့်ခွဲခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များ၊ အမှိုက်သိမ်းဆည်းရေး စနစ်နှင့် ထွက်ရှိလာသော အမှိုက်များကို ပြန်လည် အသုံးချနိုင်ရေး ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)