ဇွန် ၁၆
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီတွင် ယနေ့ နံနက် ၁၁ နာရီ ၂၇ မိနစ်(ပေကျင်းစံတော်ချိန်) က ပြင်းအား ၆ ဒသမ ၇ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်ဟု တရုတ်ငလျင်ကွန်ရက်စင်တာ (CENC) ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါငလျင်ဗဟိုချက်သည် ၂၀ ကီလိုမီတာအနက်ရှိပြီး တောင်လတ္တီတွဒ် ၀ ဒသမ ၉၅ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၁၂၀ ဒသမ ၁၀ ဒီဂရီတွင် တည်ရှိကြောင်း ဗဟိုဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အစောပိုင်းတိုင်းတာမှုအရ ပြင်းအား ၇ ဒသမ ၀ ရှိသော ငလျင်တစ်ခုဖြစ်သည်ဟု ဗဟိုဌာနက ကနဦးတွင် ပြောကြားခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


