ပဲခူး ဇွန် ၁၅

 

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့မြို့တော်ခန်းမ၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလုပ်အကိုင်အလိုက် စံသတ်မှတ် ရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းရှင်များအနေဖြင့် NSSA အသိအမှတ်ပြုလက်မှတ်ရရှိသူများသည် စံချိန်စံညွှန်းနှင့်အညီ စစ်ဆေးအကဲဖြတ်အောင်မြင်ထားသူများ ဖြစ်ခြင်းကြောင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် ဦးစားပေး အလုပ်ခန့်ထားနိုင်ရန်၊ သင့်တော်သောလုပ်ခလစာနှင့် ရာထူးအဆင့် အတန်းများ ပေးအပ်နိုင်ရေးဆောင်ရွက်ကြရန် ပြောကြားပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ အလုပ်အကိုင်ငါးမျိုးတွင် ဝင်ရောက်ဖြေဆိုခဲ့သည့် အရည်အသွေး ပြည့်မီသူ ၁၂၅ ဦးအား အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။          

သတင်းစဉ်