တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit)ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့ နံနက်ပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ က The Great Hall of the People ၌ ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆိုပြီး တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။


