ရန်ကုန် ဇွန် ၁၅

 

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကံဘဲ့ကျေးရွာတွင် မှုခင်းကျဆင်းရေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကံဘဲ့လမ်းဆုံနှင့် မမျိုးစုလမ်းဆုံတို့၌ ပြုလုပ်သည်။

 

ကွင်း​ဆင်းစစ်ဆေးရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဦး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းထက်အောင်၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ရဲအုပ် အောင်မျိုးကျော်နှင့် တာဝန်ရှိသူများက ယာဉ်စစ်ပိတ်ဆို့ရှာဖွေခြင်း၊ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များကို စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေး အသိပညာပေးခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးကို ကိုယ်ပိုင်ယာဉ် ၂၅ စီး၊ အငှားယာဉ် အစီး၂၀၊ ကုန်တင်ယာဉ် ၁၅ စီး၊ အိုးဝေ/ဘေးတွဲဆိုင်ကယ် အစီး ၂၀ တို့ကို  ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မျိုးလှိုင်(တွံတေး)