ကျုံပျော် ဇွန် ၁၅
ကျုံပျော်မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးမည့် သမဝါယမ အသင်းသား တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
အခမ်းအနားသို့ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ သမဝါယမ အသင်းစုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မိုးစပါး စိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူ ၅၅ ဦးထံသို့ ကျပ်သိန်း ၂၂၀ တန်ဖိုးရှိ ဓာတ်မြေဩဇာအိတ် ၂၀၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


