လဲချား  ဇွန် ၁၅

 

ရှမ်းပြည်နယ် (တောင်ပိုင်း)လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အထက(လဲချား)၌ ဆောင်ရွက် ပေးသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်နှင့် ဝန်ထမ်းများက ကျောင်းသား ကျောင်းသူ ၉၀ တို့အား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များ နေ့ချင်းပြီး ဆောင်ရွက်ပေးနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်အောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းအက်စ်ကီးမိုး၊ မြို့နယ်ရဲမှူး ရဲထွန်းသိန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)