ပုသိမ် ဇွန် ၁၅
ပုသိမ်မြို့နယ်အတွင်း အမှိုက်သိမ်းဆည်းခြင်းနှင့် အမှိုက်ပုံ စီမံခန့်ခွဲခြင်း လုပ်ငန်းများအတွက် စီမံလျာထားမှုများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက အမှိုက်များ အမျိုးအစား ခွဲခြားခြင်း၊ အမှိုက်မှ စွမ်းအင် ထုတ်လုပ်ခြင်း၊ အမှိုက်မှမြေဩဇာ ထုတ်လုပ်ခြင်း၊ ပညာပေးလုပ်ငန်းများ ဖော်ဆောင်လုပ်ကိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကာကွယ်ရေး၊ ရပ်ကွက် အလိုက် အမှိုက်သိမ်းဆည်းမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ဖြည့်စွက် ဆွေးနွေးကြသည်။
ထို့နောက် Rosewood Capital ကုမ္ပဏီမှ ပုသိမ်မြို့တွင် Waste To Energy လုပ်ငန်း၊ လျှပ်စစ် Bus နှင့် လုပ်ငန်းသုံးယာဉ်များ ထုတ်လုပ်ရေး လုပ်ငန်းအတွက် စီမံလျာထားမှုများကို လာရောက် ရှင်းလင်းပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


