ကျောက်ဆည် ဇွန် ၁၄

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက အမှတ်(၇) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးရေးပွဲတော်ကို ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက မဲဇလီ ၁၂၅ ပင်၊ ကျွန်း ၁၂၅ ပင်၊ သရက်ပင် ၂၀၊ ခရေပင် ၄၀၊ သင်္ဘောကုက္ကိုပင် ၈၀ စုစုပေါင်းပျိုးပင် ၃၉၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

သက်မောင်(ကျောက်ဆည်)