ရန်ကုန် ဇွန် ၁၄
၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် ဧရာဝတီအသင်းသည် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး မေထက်လူကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ဇွန် ၁၄ ရက် ညပိုင်းတွင် တရားဝင်သတင်းထုတ်ပြန်သည်။
ယခုရာသီအတွက် ပြင်ဆင်မှုများစွာ ပြုလုပ်နေသည့် ဧရာဝတီအသင်းသည် တိုက်စစ်ပိုင်းအတွက် လက်ရွေးစင်တိုက်စစ်မှူး မေထက်လူကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။ မေထက်လူသည် အမေရိကန်နိုင်ငံ၌ ပညာသင်ကြားရင်း ဆီမီးပရိုလိဂ် အမျိုးသမီးကလပ်များတွင် ကစားနေသူဖြစ်ပြီး ပြည်တွင်းကလပ် အသင်းနှင့် ပထမဆုံး စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ မေထက်လူသည် ၂၀၂၅ ခုနှစ်တွင် အာရှအမျိုး သမီးချန်ပီယံလိဂ် ခြေစစ်ပွဲကစားမည့် အား/ကာသိပ္ပံ အသင်းအတွက် ကာလတို နှစ်ပွဲကစားဖူးသော်လည်း ဧရာဝတီအသင်းနှင့် ပထမဆုံး ပရိုစာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီအမျိုးသမီးအသင်းသည် ရာသီသစ်အတွက် လက်ရွေးစင်ကစားသမားများဖြစ်သည့် နောက်ခံလူ ဖြူဖွေးနှင့် တိုက်စစ်မှူး မေထက်လူ၊ နိုင်ငံခြားသားကစားသမားများအဖြစ် ထိုင်း၊ ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်ကစားသမား သုံးဦးအား ခေါ်ယူထားသည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-စိုးညွန့်သော်


