မော်လမြိုင် ဇွန် ၁၄
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို မော်လမြိုင်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများသည် စုပေါင်းသွေးလှူဒါန်းပေးကြသည့် မွန်ပြည်နယ် ကြက်ခြေနီအသင်း၊ တပ်ဖွဲ့ဝင်များအား ဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးခြင်းနှင့် စုပေါင်းသွေး လှူဒါန်းနေခြင်းတို့ကို ကြည့်ရှုအားပေးပြီး အားဆေးများ၊ ကြက်ဥနှင့်အာဟာရ ဖြည့်စွက်စာများ ပေးအပ်သည်။
ယင်းနောက် မော်လမြိုင်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီးက စုပေါင်းသွေးလှူဒါန်းပေးခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းသွေးလှူဒါန်း ပေးကြသူများအား အားပေးစကားပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


