ရန်ကုန် ဇွန် ၁၄

 

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန သူနာပြုသိပ္ပံနှင့် သူနာပြု သင်တန်းကျောင်းများ၏ သူနာပြု/သားဖွား ဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲကို ယနေ့နံနက်ပိုင်းက မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းဆင်း သစ်လွင် သူနာပြုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အောင်လက်မှတ် အပ်နှင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများကို ပေးအပ်သည်။

 

ထို့နောက် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာခန်းမ၌ ကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဒီဂရီကောလိပ်ပေါင်းစုံ (ရန်ကုန်ဇုန်) အမျိုးသား အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘော ပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်ပြီး ပြိုင်ပွဲများနှင့် ဘင်ခရာအဖွဲ့တို့ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။

 

ကြည့်ရှုအားပေး

 

ယင်းနောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ပွဲစဉ်အဖြစ် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီ ကောလိပ်အသင်းနှင့် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်အသင်း တို့၏ ယှဉ်ပြိုင်မှုကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)