မကွေး ဇွန် ၇
ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) နှင့် (၂) တို့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး နေရပ်သို့ပြန်လည်ရောက်ရှိလာသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နေရပ်ပြန်ပြည်သူ့စစ်မှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) နှင့် (၂) တို့တွင် မကွေးတိုင်းဒေသကြီးမှ တာဝန်ထမ်းဆောင်ခဲ့ကြသူ ၃၁၆ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ကာ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


