ပရီမီယာလိဂ်ကလပ် ဘရိုက်တန်အသင်းသည် ဆွီဒင်ကလပ် အေအိုင်ကေ စတော့ဟုမ်းကလပ်မှ တောင်ပံကစားသမား ဇာဒေါ့သ်ယိုဟန်နာကို ပေါင် ၂၁ ဒသမ ၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း သိရသည်။ 

အသက် ၁၈ နှစ်အရွယ် နိုင်ဂျီးရီးယားလူငယ်ကစားသမားသည် ဘရိုက်တန်အသင်းနှင့် ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုသွားမည်ဖြစ်ပြီး ဇွန် ၁၅ ရက်မတိုင်မီ အပြီးသတ်လုပ်ဆောင်သွားဖွယ်ရှိသည်။ ၎င်းသည် နိုင်ဂျီးရီးယားဘောလုံးအကယ်ဒမီမှ ဆွီဒင်ကလပ်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

၂၀၁၅ ခုနှစ် ဩဂုတ်လတွင် ပွဲဦးထွက်ကစားပြီးနောက်  အေအိုင်ကေ  စတော့ဟုမ်းအသင်းအတွက် ၁၈ ပွဲ ပါဝင်ကစားထားပြီး ငါးဂိုးသွင်းကာ လေးကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားသည်။

မိုးဇက်