ပုသိမ် ဇွန် ၇

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း စံပြနမူနာရှေ့ပြေးရုံးအဖြစ် ဆောင်ရွက်နေသည့် ပုသိမ်ခရိုင်ရှေ့ပြေး ဥပဒေရုံး ဆောင်ရွက်ထားရှိမှုများကို ဧရာဝတီတိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်လွင်က ဇွန် ၅ ရက်တွင် ကြည့်ရှုစစ်ဆေးပြီး တရားစွဲနှင့် အမှုလိုက်လုပ်ငန်း ပိုမိုကောင်းမွန်စေရန်၊ ရှေ့ပြေးဥပဒေရုံးများတွင် တရားခွင်အကြို တွေ့ဆုံမေးမြန်းခြင်းများကို ဆောင်ရွက်နိုင်ရန် စံနမူနာပြုစမ်းသပ်ခြင်းဖြစ်၍ ရှေ့ပြေးဥပဒေရုံး ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်အညီ လုပ်ငန်းတာဝန်များကို အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)