မိတ္ထီလာ ဇွန် ၄

 

မိတ္ထီလာမြို့၌ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက စီစဉ်ဆောင်ရွက်သော  ၂ဝ၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စုပေါင်းအမှိုက်ကောက်ပွဲကို ဇွန် ၁ ရက် က    မိတ္ထီလာ မြောက်ကန်  ဝန်ဇင်းကန်ပေါင်အနီး၌ ဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင်  မိတ္ထီလာမြောက်ကန် တောင်ဘက်ထိပ် ဇော်ဆေးရုံအနီးမှ ကန်မြောက် ဘက်ထိပ်အနီးအထိ  ကန်အနီးနှင့် ကန်ပေါင် လမ်းတစ်လျှောက် အမှိုက်များ စုပေါင်းကောက်ယူခြင်းကို  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေး၊ ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးယဉ်ဦးမောင်နှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်နှင့် ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များက စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

ချမ်းသာ (မိတ္ထီလာ)