ရန်ကုန် ဇွန် ၄

 

၂၀၂၆ အာဆီယံ ယူ-၁၉  ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ဇွန် ၄ ရက်က အင်ဒိုနီးရှားနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် နာမည်ကြီး ဗီယက်နမ်အသင်းကို ငါးဂိုးပြတ် အရေးနိမ့်ပြီး အုပ်စုမှထွက်ရန် သေချာသွားပြီဖြစ်သည်။

 

အဖွင့်ပွဲတွင် အိမ်ရှင်အင်ဒိုနီးရှားအသင်းကို ဂိုးပြတ်အရေးနိမ့်ထားသည့် မြန်မာအသင်းသည် နောက်တစ်ဆင့်တက်ရေး နောက်ဆုံးမျှော်လင့်ချက်အဖြစ် ကြိုးစားသော်လည်း ဂိုးပြတ်ရှုံးပွဲတစ်ပွဲနှင့် ထပ်မံရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းသည် အင်ဒိုနီးရှား၊ ဗီယက်နမ်တို့နှင့် ကစားရာတွင် အဆင့်တစ်ခုကွာခြားနေပြီး လူငယ်အဆင့်မှာပင် ပြိုင်ဘက်များ၏ သိသိသာသာ အသာစီးရယူမှုကိုခံရကာ ဂိုးပြတ်ရှုံးပွဲများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

 

ဗီယက်နမ်အသင်းအတွက် အနိုင်ဂိုးများကို ၂၈ မိနစ်တွင် လီတန်ဒေါင်၊ ၄၅+၁ မိနစ်တွင် ကောင်ဟွာဟောင်၊ ၄၉ မိနစ်တွင် ငုယင်ဗန်ဘတ်၊ ၆၃ မိနစ်တွင် ဟောင်ထရောင်ဒူ၊ ၈၄ မိနစ်တွင် ငုယင်သိန်ဖူတို့က သွင်းယူခဲ့သည်။

 

မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ဇွန် ၇ ရက်တွင် တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

 

သတင်း - မောင်စံကြီး၊ ဓာတ်ပုံ - MFF