အောင်လံ ဇွန် ၄

 

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန် ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ဇွန် ၃ ရက်က မအူခုံကျေးရွာ၌ ကျင်းပသည်။

 

 ဦးစွာ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်က သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေက အမှာစကား ပြောကြားသည်။

 

အဆိုပါသင်တန်းကို မအူခုံကျေးရွာ၌ ဇွန် ၃ ရက်မှ ၇ ရက် အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)