နေပြည်တော် ဇွန် ၄
၄-၆-၂၀၂၆ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် ဥရောပ အာရှ စီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌများ အစည်းအဝေးကို ကျင်းပရာ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် ဥရောပအာရှ စီးပွားရေး ကော်မရှင်၊ မေခရို(အကြီးစား)စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး Mr. Danilar Imanaliev တို့က ဦးဆောင်၍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးကျင်းပရေး၊ အာဆီယံ မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုး တိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဥရောပအာရှ စီးပွားရေးကော်မရှင်၊ မေခရို(အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး Mr. Danilar Imanaliev ၊ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ဥရောပအာရှ စီးပွားရေး ကော်မရှင်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


