တောင်ကြီး ဇွန် ၄

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများသည် ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့နယ် အေးသာယာရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်း အမှတ်စဉ် (၂/၂၀၂၆)နှင့် မုန့်ဖုတ်နည်းသင်တန်း(၄/၂၀၂၆) သင်တန်းဆင်းပွဲသို့ တက်ရောက်ကြသည်။

 

သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကွန်ပျူတာသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများက သင်တန်းသား သင်တန်းသူများအတွက် ကွန်ပျူတာသင်တန်းမှ သင်တန်းဆင်း လက်မှတ်များ၊ မုန့်ဖုတ်နည်းသင်တန်းမှ သင်တန်းဆင်းလက်မှတ်နှင့် ပံ့ပိုးပစ္စည်းများ၊ သင်တန်းနည်းပြ ဆရာမများအတွက် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား သင်တန်းသူများက လက်တွေ့ပြုလုပ်ထားသည့် မုန့်များကို ကြည့်ရှုအားပေးကာ ကွန်ပျူတာသင်တန်းခန်းမကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)