နေပြည်တော် ဇွန် ၅

 

သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ ကျင်းပပြီးစီးခဲ့သည့် ၁၃၈၇ ခုနှစ်(၂၀၂၆ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုကြရာ ကျမ်းရင်း သုံးကျမ်းအောင်(ကျမ်းပြီး) ၇၁၉ ပါး/ဦး၊ နှစ်ကျမ်းအောင် ၅၁၈ ပါး/ဦး၊ တစ်ကျမ်းအောင် ၅၂၈ ပါး/ဦး၊ မြန်မာဂုဏ်ထူးကျမ်းအောင် ခုနစ်ပါး စုစုပေါင်း ၁၇၇၂ ပါး/ဦး အောင်မြင်ကြသည်။

 

စုစုပေါင်းဖြေဆိုသူ (၁၆၄၄၄)ပါး/ဦးအနက် အောင်မြင်သူ(၁၇၇၂)ပါး/ဦးဖြစ်၍ ၁၀ ဒသမ ၇၈ ရာခိုင်နှုန်း အောင်မြင်ကြသည်။

 

၁၃၈၇ ခုနှစ်(၂၀၂၆ ခုနှစ်)၊ အစိုးရဓမ္မာစရိယစာမေးပွဲတွင် သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအနက် ဓမ္မာစရိယသုံးကျမ်းအောင်(ပထမ၊ ဒုတိယ၊ တတိယ)ရရှိခဲ့ကြသော အထူးအောင် ပုဂ္ဂိုလ်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။

 

mdn

 

၁၃၈၇ ခုနှစ် (၂၀၂၆ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲ အောင်စာရင်းအပြည့်အစုံကို နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ Website www.mahana.org.mm ၊ သာသနာရေးဝန်ကြီးဌာန Website www.mora.gov.mm နှင့် သာသနာရေးဦးစီးဌာန Website www.dra.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း သိရသည်။

 

သတင်းစဉ်