မိတ္ထီလာ ဇွန် ၄
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုသင်တန်းကျောင်း(မိတ္ထီလာ)၏ ဒသမအကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲကို ဇွန် ၃ ရက်က ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်း သူ ၃၄ ဦး၊ သင်တန်းသား နှစ်ဦး စုစုပေါင်း ၃၆ ဦးထံသို့ သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ်များကို သူနာပြုသင်တန်းကျောင်း (မိတ္ထီလာ) ကျောင်းအုပ်ကြီး ဒေါ်ခိုင်မျိုးဝင်းနှင့် တာဝန်ရှိသူများက အပ်နှင်းခဲ့ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


