အမရပူရ ဇွန် ၄
လျှပ်စစ်ဓာတ်အား တိုးတက်ကောင်းမွန်စေရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး၊ ဗို့အားပြည့်မီစွာ သုံးစွဲနိုင်ရေးနှင့် ဌာနပိုင်ထရန် စဖော်မာများ လောင်ကျွမ်းမှုမဖြစ်ပေါ်စေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးတို့အတွက် ထရန်စဖော်မာအသစ်များ တပ်ဆင်ခြင်းကို အမရပူရမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ ဇွန် ၁ ရက်က ဆောင်ရွက်သည်။
အဆိုပါ ထရန်စဖော်မာအသစ်များ တပ်ဆင်ဆောင်ရွက်ရာတွင် အမရပူရမြို့နယ် ငယ်တိုးရပ်ကွက် ရတနာ့ဂူ အလယ်ရှေ့တွင် ၁၁/၀.၄ ကေဗွီ (၃၁၅)ကေဗွီအေ ထရန်စဖော်မာတစ်လုံး၊ နတ်ရေကန်ကျေးရွာ မြောက်ပိုင်းတွင် ၁၁/၀.၄ ကေဗွီ (၃၁၅)ကေဗွီအေ ထရန်စဖော်မာတစ်လုံးတို့ကို မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အမရပူရမြို့နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများက တပ်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


