ရန်ကုန်  ဇွန်  ၃

၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား(၁၄)ခရိုင် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်  သုဝဏ္ဏရှိ အမျိုးသား  အားကစားပြိုင်ပွဲရုံ(၁)၌  ကျင်းပရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး  အားကစားနှင့် ကာယပညာကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ  အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အားကစားပစ္စည်းများကို ပေးအပ်ကာ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်သည်။

ထို့နောက် ပထမပွဲစဉ်အဖြစ် ကမာရွတ်ခရိုင်အသင်းနှင့် ကျောက်တံတားခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။  အဆိုပါ ပြိုင်ပွဲကို အသင်း  ၁၄  သင်း အားကစားသမား  ၁၉၆    ဦးဖြင့် ဇွန် ၃  ရက်မှ ၉ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)