ပဲခူး ဇွန် ၃

 

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီးတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးခရိုင် သနပ်ပင်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာ သင်ကြားနေမှုကို ကြည့်ရှုသည်။

 

ဖြည့်ဆည်းဆောင်ရွက်

 

ဦးစွာ ပဲခူးခရိုင် သနပ်ပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ဆရာ ဆရာမများ၊ ကျောင်းအကျိုး တော်ဆောင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် သနပ်ပင်မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် ဈေးပိုင်းရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)များ၌ ကျောင်းသား ကျောင်းသူများ သတ်မှတ်အတန်းများအလိုက် စိတ်အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနေမှု၊ ဆရာဆရာမများ၏ သင်ကြား ပြသပေးနေမှု၊ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များနှင့် စာရေးကိရိယာများ ပြည့်စုံစွာ ထောက်ပံ့ပေးအပ်ထားရှိမှုကို ကြည့်ရှုအားပေးပြီး အခြေခံပညာကျောင်းများအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)