မုံရွာ ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်မည့် အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်းလုပ်ငန်းမှ စက်ချုပ်နည်းပညာ(အခြေခံ)သင်တန်း နှစ်ခုဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါရုံးခန်းမ၌ ကျင်းပသည်။
ကုန်ကြမ်းပစ္စည်းများပေးအပ်
သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဆန်းဝင်းက အမှာစကားပြောကြားပြီး မုံရွာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးအဆင့် စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များက စက်ချုပ်နည်းပညာ (အခြေခံ) သင်တန်းနှစ်ခုမှ သင်တန်းသူများထံ သင်ထောက်ကူပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများပေးအပ်ပြီး ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မုံရွာ(ကိုယ်ပွား)


